မြန်မာနိုင်ငံတွင်း၌ ဧပြီ ၁ ရက်မှ စတင်၍ ဝင်ငွေခွန် နှင့် ကုန်သွယ်လုပ်ငန်းခွန် များကို သတ်မှတ်ချက်နှုန်းထား အသစ်ဖြင့် ကောက် ခံမည် ဖြစ်ကြောင်း သိရသည်။ တနှစ်လျှင် လစာ ၁၄ သိန်း ၄ သောင်း အထက်ရရှိသူများအတွက် ဝင်ငွေခွန် ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ၊ လုပ်ငန်းနှင့်သက်ဆိုင်သော စီးပွားရေး ဝင်ငွေခွန်ပေါ်တွင် ၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံမည် ဖြစ် သည်ဟု ဆိုသည်။ ယခင်က အခွန် ကင်းလွတ်ခွင့်ရနေသော စစ်တပ်ပိုင် ဦးပိုင်လီမိတက် ကုမ္ပဏီသည်လည်း ယခု အခွန်ဆောင်ရ တော့မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။