ကချင်ပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မြေ ၃ ခုကို အစိုးရက ရွှေ့ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးလိုကြောင်း NLD က ကြေညာချက်ထုတ်၍ ပြောဆိုလိုက်သည်။ ယင်းရွှေ့ဆိုင်းလိုက်သည့် ဗန်းမော်၊ ဖားကန့်နှင့် မိုးကောင်း နယ်မြေများတွင် ဧပြီ ၁ ရက် သတ်မှတ်ထားသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် KIA/KIO အဖွဲ့များနှင့် NLD က ညှိနှိုင်းဆွေးနွေးရန် ဆန္ဒ ရှိကြောင်း၊ ထိုသို့ ညှိနှိုင်းနိုင်ရန် အစိုးရသော်လည်းကောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က သော် လည်းကောင်း ဆောင်ရွက်ပေးပါက ကချင်ပြည်နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။