ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ယခုကဲ့သို့ အသွင်ကူးပြောင်းနေသောကာလတွင် အမူအကျင့်ဟောင်း၊ အတွေးအခေါ် ဟောင်းများ ပြောင်းလဲရန် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က တိုက်တွန်းလိုက်သည်။ ယနေ့ကျရောက်သည့် ၆၇ နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့) အခမ်းအနားသို့ ပေးပို့သော ၎င်းတို့၏ သဝဏ်လွှာတွင် အစိုးရကို ပြည်စိတ် ပြောင်းလဲလာစေရန်၊ ပြည်သူကို အစိုးရစိတ် ပြောင်းလဲ လာစေရန်၊ အစိုးရ ဝန်ထမ်းအဖြစ်မှ ပြည်သူ့ ဝန်ထမ်း အဖြစ် ပြောင်းလဲ လာစေရန် အလေး အနက် တိုက်တွန်းကြောင်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။