အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းတွင် ထည့်ထားခြင်းနှင့် အသုံးစရိတ် ထည့်ထားခြင်းကို ပြည်ထောင်စုလွှတ်တော် နာယကက ပယ်ဖျက်ခဲ့သော်လည်း ကော်မရှင်၏ လုပ်ငန်းများ ပျက်ပြယ်ခြင်းမရှိဟု ယနေ့ထုတ် အစိုးရသတင်းစာတွင် သတင်းထုတ်ပြန်ထားသည်။ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းထားခြင်းသည် အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် မညီညွတ်ဟုဆိုကာ မတ်လ ၁၆ ရက်နေ့က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ လူ့အခွင့်အရေးကော်မရှင် ရေရှည်ရပ်တည်နိုင်ရေးအတွက် ကော်မရှင် ဥပဒေကြမ်းကို သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်အရ စတင်ရေးဆွဲနေပြီး လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရရယူမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။