ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ထူထောင်ထားသော ရဲတိုက်ဖောင်ဒေးရှင်းက ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များကို သင်္ကြန်မတိုင်မီ အကူအညီများ သွားရောက်ပေးအပ်ရန်ရှိကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးလည်းဖြစ်သော သရုပ်ဆောင် ရဲတိုက်သည် ဧပြီလ ၂ ရက်နေ့မှစ၍ ရန်ကုန်မြို့တွင် အလှူခံသွားမည်ဟု Yangon Press International ၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ရဲတိုက်ဖောင်ဒေးရှင်းကို ယမန်နှစ် ဇန်နဝါရီလက ထူထောင်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။