အမေရိကန် အခြေစိုက်ပြီး နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပေါင်းစည်းထားသည့် အင်တာအက်ရှင်အဖွဲ့က ကရင်အမျိုးသမီး တဦးဖြစ်သူ နော်စူစန်နာလှလှစိုးကို လူသားချင်း စာနာထောက်ထားမှု ဂုဏ်ပြုဆု ချီးမြှင့်လိုက်သည်။ ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ အလုပ်အမှုဆောင် အရာရှိ နော်စူစန်နာလှလှစိုး၏ ပြည်တွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အမျိုးသမီးများ၏ ဘဝမြှင့်တင်ရေး လုပ်ဆောင်ချက်များ၊ ကလေးငယ်များ၏ ပညာရေးအတွက် ကြိုးပမ်းမှုများ၊ သဘာ၀ ဘေးဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်မှုများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ်အတွက် လူသားချင်း စာနာထောက်ထူးမှု ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်ကြောင်း အင်တာအက်ရှင်အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ ဆုများကို လာမည့် မေလ ၁ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။