ပဲခူးတိုင်း သနပ်ပင်မြို့နယ်၏ မဲပေးနိုင်သူစာရင်းတွင် သေဆုံးပြီးသူများ ပါဝင်နေခြင်း၊ မဲပေးပိုင်ခွင့်ရှိသူတို့၏ အမည်အချို့ ကျန်ရစ်နေခြင်း စသည့် မဲစာရင်းအမှားများကို သနပ်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တင်ပြခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က လူအရေအတွက် ၁၀၀၀ ခန့် ပြန်လည် ပြင်ဆင်ပေးခဲ့ကြောင်း ယင်းမြို့နယ်မှ ဝင်ပြိုင်မည့် NLD အမတ်လောင်း ဦးမြင့်ဦးက ပြောသည်။ သနပ်ပင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၆ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၆၀ မှ မဲပေးနိုင်သူဦးရေ ၉၅,၀၀၀ ခန့် ရှိပြီး မဲရုံပေါင်း ၈၉ ရုံ ထားရှိသွားမည်ဟု သိရသည်။ ယင်းမြို့နယ်တွင် ဦးမြင့်ဦးအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးသန်းလှိုင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိန်ထူးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။