ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် လာရောက်မည့် သြစတြေးလျ နိုင်ငံမှ လွှတ်တော်အမတ် ၂ ဦးကို မြန်မာ အာဏပိုင်များက ငြင်းပယ်လိုက်သည်။ ၎င်းတို့၂ ဦးသည် ရွေးကောက်ပွဲလေ့လာရေးအတွက် လာရောက်မည့် ၅ ဦးထဲမှ ဖြစ်ကြောင်း ABC သတင်းဌာနက ရေးသားသည်။ ကနေဒါ နိုင်ငံကလည်း ရွေးကောက်ပွဲစောင့်ကြည့်ရေးအတွက် အမတ်၂ ဦး ပို့မည် ဖြစ် ကြောင်း သိရသည်။ မြန်မာအစိုးရက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဂျပန် နှင့် အာဆီ ယံ အပါအဝင် နိုင်ငံတကာသို့ ဖိတ်ခေါ်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။