ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း နှင့် စစ်တောင်းမြစ်များ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော ဓာတ်သတ္တု ရှာဖွေ စမ်း သပ် ထုတ်လုပ်မှုများကို သတ္တုတွင်း ဝန်ကြီးဌာနက တားမြစ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။ မြစ်ကြောင်း အတွင်း နှင့် မြစ်ကမ်းစပ်မှ ပေ ၃၀၀ အတွင်း လုပ်ကိုင်ဆောင်ရွက်ခြင်းများကို တားမြစ်ခြင်းဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက သတ္တုတွင်း ဥပဒေ၊ သတ္တုတွင်း နည်းဥပဒေများနှင့် တည်ဆဲ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း ယနေ့ထုတ် သတင်း စာများ၌ ဖော်ပြထားည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။