ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ သတင်းများကို ဂြိုဟ်တုမှတဆင့် ရယူခြင်း ၊ ပေးပို့ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ပြန်ကြားရေး ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း) စသည့် နေရာများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူးချုပ် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ သတ်မှတ် အခကြေးငွေ ပေးပြီး ကြိုတင်လျှောက်ထား၍ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ယနေ့ထုတ် အစိုးရသတင်းစာ များ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။