အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ “စနစ်ဆိုးနဲ့ စစ်ချိုးခွာစို့” အမည်ရ သင်္ကြန်သံချပ်ခွေ ယနေ့ ထွက်ပြီ ဖြစ်သည်။ ယင်းသံချပ်ခွေတွင် ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၊ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် ပြည်တော်ပြန်ကြသည့် ပြည်ပရောက် အတိုက်အခံများ၊ ပြည်တွင်းပြည်ပ မီဒီယာများ စသည်တို့ကို သရော်ထားသည်။ ထို့အတူ ပြည်သူလူထုကြုံတွေ့နေရသည့် ဆင်းရဲ ဒုက္ခများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ပြည်သူတရပ်လုံး ညီညွတ်ကြရန်တို့ကို လည်း တိုက်တွန်း ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။