၂၀၁၂ ခုနှစ် သင်္ကြန်အတွက် ရန်ကုန်မြို့တွင် မဏ္ဍပ် ၄၀ ကျော် နေရာပေး ခွင့်မည် ဖြစ်ကြောင်း သိရသည်။ ယင်းမဏ္ဍပ်များမှာ ပေ ၅၀ နှင့် ပေ ၁၀၀ အကျယ်အဝန်ရှိ မဏ္ဍပ်များ ဖြစ်ကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီးပတ်လမ်း၊ မရမ်းကုန်းမြို့နယ် ဆရာစံ လမ်း၊ ရန်ကင်း စက်မှု ၁ လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ကမာရွတ်မြို့နယ် ပြည်လမ်း၊ ဒဂုန်မြို့နယ် အလုံလမ်းစသည့် နေ ရာများတွင် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တဦးကို ကိုးကား၍ MRTV4အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ မဏ္ဍပ် တခုအတွက် အာမခံ စဘော်ငွေ ကျပ် သိန်း ၃၀ သက်ဆိုင်ရာသို့ ပေးရမည်ဖြစ်သည်ဟု လည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။