ပြည်ထောင်စု လွှတ်တော်က ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဌာန်းလိုက် ကြောင်း မတ်လ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ယင်း ဥပဒေတွင် လူပုဂ္ဂိုလ် တဦးတယောက်ကို ခြိမ်းခြောက်၍ လုပ်အား သို့မဟုတ် ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အဓမ္မ ရယူပါက တနှစ်ထက်ပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ် တသိန်း ထက် ပိုသော ငွေ ဒဏ်ကို ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ သက်ဆိုင်ရာ တရားရုံးက ချမှတ် ရမည်ဟု ပါရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။