ယနေ့ညနေ ၄ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်နေအိမ်မှ ကော့မှူးရှိ မဲဆန္ဒနယ်သို့ စတင်ထွက်ခွာလာသည်ဟု သိရသည်။ ကော့မှူးမြို့တွင် ခတ္တရပ်နားပြီး ဝါးသင်္ခကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း၊ ယနေ့ည ဝါးသင်္ခကျေးရွာတွင် ညအိပ်ရပ်နား၍ မနက်ဖြန် မနက် မဲရုံဖွင့်ချိန်တွင် ဝါးသင်္ခကျေးရွာ မဲရုံအမှတ် (၁) တွင် မဲပေးမည်ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်အတွင်းရှိ တခြားမဲရုံများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝါးသင်္ခကျေးရွာ မဲရုံအမှတ် (၁) တွင် မဲပေးနိုင်သူ ဦးရေ ၉၅၆ ဦး၊ မဲရုံ အမှတ် (၂) တွင် မဲပေးနိုင်သူဦးရေ ၆၃၀ ဦးရှိကြောင်း သတင်းရရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။