မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောရွာတွင် ကြံ့ခိုင်ရေးပါတီက မဲဆွယ် သီချင်းများကို အသံချဲ့စက်များနှင့် ဖွင့်နေ ကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မည်သည့်ပါတီမှ ပါတီသီချင်းဖွင့်ခြင်း၊ မဲဆွယ် စည်းရုံးခြင်းများ ပြုလုပ်ခွင့် မရှိဟု ထုတ်ပြန်ထားသည်။ ကျောက်ပန်းတောင်းတွင် မဲများ စတင်ပေးနေပြီဖြစ်ပြီး လွပ်လပ်စွာမဲပေးခွင့် ရကြောင်း မဲရုံအမှတ် ၃ တွင် ယနေ့ နံနက် ၆ နာရီခွဲက မဲပေးခဲ့သူ ကျောက်ပန်းတောင်း NLD ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံ ကိုအေးခိုင်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။