သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အမှတ် ၅ မဲရုံတွင် မဲပေးမည်ဟု မြို့နယ် ကော်မရှင်က ပြောဆိုကြောင်း နေပြည်တော်ရှိ ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။ သမ္မတ မဲပေးနေသည့် ဓာတ် ပုံ ကို ရိုက်ကူးရန် ပြည်တွင်းရုပ်သံလိုင်း Sky Net အပါအဝင် ပြည်တွင်း သတင်းထောက်တချို့ နေပြည်တော်သို့ ရောက်ရှိနေပြီး ဓာတ်ပုံရိုက်ခွင့် ရမရကိုမူ မသိရသေးကြောင်းလည်း ပြောဆိုသည်။ ဇဗ္ဗူသီရိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်စန္ဒာမင်းနှင့် ကြံ့ခိုင်ရေး ရေးပါတီမှ ဦးဝင်းဌေးတို့ ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။