NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဝါးင်္သခ ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်သည်မှာ ရက်ပေါင်း ၁၈၀ မပြည့်သည့် အတွက် မဲပေးခွင့် မရကြောင်း သတင်းရသည်။ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူအများစုမှာ NLD ကိုသာ မဲပေးကြကြောင်း၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း NLD က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။