မန္တလေးမြို့ ၄၁ လမ်း သံလျက်မှော် အရှေ့ရှိ မဲရုံအမှတ် ၇ တွင် မဲပေးရန်အတွက် မင်နီဘောလ်ပင်တချို့ကို ထုတ်ပေးထားရာ နံနက်ပိုင်းတွင် လာရောက်မဲထည့်သော ပြည်သူများက မင်နီနှင့် မဲပေးသွားကြကြောင်း၊ မင်နီဘောလ်ပင်ဖြစ်နေ၍ အကြောင်းကြား သည့်အခါမှ မင်အနက်နှင့် အပြာရောင် ဘောလ်ပင်များကို ပြန်လဲလှယ်ပေးခဲ့ကြောင်း ဒေသခံများက မန္တလေး NLD လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် သို့ ပြောကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။