Sky Net ရုပ်သံလိုင်းနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းထိုက်ဦးတို့ မန္တလေး မဲရုံတခုတွင် အငြင်း ပွား စကားများမှု ဖြစ်ခဲ့သည်။ Sky Net ရုပ်သံက မဲရုံနှင့် ကိုက် ၅၀၀ အကွာအတွင်း ဝင်မိသောကြောင့် ဒေါက်တာ သန်းထိုက်ဦး က အော်ဟစ်ပြောဆိုခဲ့၍ မဲရုံတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း၊ ကော်မရှင်အတွင်းရေးမှူးထံ တိုင်တန်း၍ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို ဒေါက်တာ သန်းထိုက်ဦး ရှေ့တွင် ဖျက်ပေးခဲ့ရကြောင်း သိရသည်။ Sky Net ရုပ်သံလိုင်းကို ရွှေသံလွင် ကုမ္ပဏီက ၂၀၁၀ ပြည့် နိုဝင်ဘာလအတွင်း အခပေး ရုပ်သံလိုင်းအဖြစ် စတင်တည်ထောင်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။