မကွေးတိုင်း ပခုက္ကူ မြို့နယ်ရှိ ဒေါင်းစားကျေးရွာ မဲရုံတွင် မဲပေးသူများကို မှတ်တမ်းယူနေသောကြောင့် ထိတ်လန့်၍ ပြန်သွားကြ သည့် မဲဆန္ဒရှင်များရှိကြောင်း၊ ကော်မရှင်ကို တိုင်ထားကြောင်း၊ ပခုက္ကူ အမှတ် ၃ ရပ်ကွက်တွင် မဲဆန္ဒရှင်များကို မဲရုံရွှေ့ပြောင်း ထားမှုများရှိနေကြောင်း စောင့်ကြည်သူများက ပြောသည်။ ပခုက္ကူ ရှိ မဲရုံ ၃၂၄ ရုံအနက် တချို့မဲရုံများမှာ မဲပေးပြီးဖြစ်၍ မဲရေတွက် နေပြီ ဖြစ်သည်။ လတ်တလော ရရှိသော စာရင်းများအရ စစ်တပ်နယ်မြေများရှိ မဲဆန္ဒနယ်မြေများတွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရ နေပြီး ကျေးရွာ၊ ရပ်ကွက်များရှိ မဲဆန္ဒနယ်မြေများတွင် NLD က အနိုင်ရနေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။