မဲပြားများတွင် ဖယောင်းသုတ်ထားသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသင်းရွှေက သတင်းထောက်များကို ပြောကြားခဲ့သည်။ မဲရုံများဖွင့်ပြီး မကြာမီပင် ပြည်တော်သာရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် မြို့မ ရပ်ကွက်များတွင် မဲပြားများကို ဖယောင်းသုတ်ထားကြောင်း မဲဆန္ဒရှင်များက NLD သို့ တိုင်ကြားခဲ့သည်။ မတ်လ ၃၁ ရက်နေ့က ကော့မှူးမြို့နယ် ထမ္မနိုင်ကျေးရွာတွင် ကြိုတင်မဲ လာရောက် ပေးကြသူများကို ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက
မဲမပေးဘဲနေလိုက နေနိုင်ကြောင်း၊ မဲပေးလိုပါကလည်း မျှမျှတတဖြစ်အောင် ကိုယ်စားလှယ်လောင်း အားလုံးကို အမှန်ခြစ်စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။