ယနေ့ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဖယောင်း သုတ်ထားသော ဆန္ဒမဲပြားများ ပါရှိနေသည်ဟု သိရှိရပြီး ယင်းသို့ ဖယောင်းသုတ်ထားခြင်းသည် မဲပြားများကို ဖျက်ဆီးရာ ရောက်သောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် အမြန်ဆုံး အရေးယူပေးရန် NLD က တောင်းဆိုချက် ထုတ်ပြန် လိုက်သည်။ ထုတ်ပြန်ချက်၌ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ မြန်အောင်၊ မကွေး၊ ကော့မှူး ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုန်ဆိပ်ကမ်း၊ တောင်တွင်းကြီး၊ ကလောမြို့နယ် အောင်ပန်း စသည်ဖြင့် ဖယောင်းသုတ်မှုများ တနိုင်ငံလုံးအတိုင်းဖြင့် ဖြစ်ပွားနေကြောင်း ပါရှိသည်။ ယနေ့ ညနေပိုင်း၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးသည် ကော့မှူး မြို့နယ်သို့ သွားရောက် လေ့လာကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။