အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် က ယမန်နေ့က ကျင်းပပြီးစီးသွားသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာပြည်သူများက ရွေးချယ်ခဲ့၍ အနိုင်ရရှိပြီး ပါလီမန်အတွင်းကို ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် အနေနှင့် ရောက်ရှိသွားမည့် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်အနေနှင့် ဆက်လက် ထောက်ခံပံ့ပို့သွားမည်ဟု ပြောဆိုကြောင်း Reuters သတင်းက ဖော်ပြသည်။ ပါဝင် ဆန္ဒမဲ ပေးခဲ့ကြသော မြန်မာပြည်သူများကိုလည်း ချီးကျူးကြောင်း တူရကီ နိုင်ငံ အစ္စတန်ဘူ မြို့သို့ ရောက်ရှိနေ သော မစ္စ ဟီလာရီ ကလင်တန်က ပြောကြားသည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။