မြန်မာနိုင်ငံတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးမှုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်မှုများမကြားရကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် က ပြောဆိုလိုက်သည်။ အားလုံးကို ခြုံကြည့်ပါက အကောင်းဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း၊ များစွာသောနိုင်ငံများ၏ ရွေးကောက်ပွဲများကဲ့သို့ပင် ဖြစ်ကြောင်း၊ ဒေါ်အောင် ဆန်း စုကြည်သည်လည်း အပြတ်အသတ် အနိုင်ရမည်ဟု မျှော်လင့်ထားကြောင်းလည်း ဆူရင် ပစ်ဆူဝမ်က ပြောဆိုသည်ဟု AFP သတင်း၌ ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။