တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရန် ရောက်ရှိနေသော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်သည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကလည်း ရွေးကောက်ပွဲ ရလဒ်ကို ကြိုဆိုလိုက်သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ကလည်း ယခုရွေးကောက်ပွဲ ရလဒ်သည် မြန်မာ့ နိုင်ငံရေး ပြောင်း လဲမှုများ နောက်ပြန်မဆုတ် မည်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။