ဧပြီ ၁ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲသည် “အလွန် အားရစရာ သင်္ကေတဖြစ်သည်” ဟု မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဥရောပ သမဂ္ဂ(EU) လေ့လာရေး ကိုယ်စားလှယ်အဖွဲ့က ပြောဆိုလိုက်သည်။ သို့သော် ယုံကြည်ရသည့် ရွေးကောက်ပွဲ တရပ် အနေနှင့်မူ ပြောဆိုရန် မလုံလောက်ကြောင်းလည်း EU ကိုယ်စားလှယ်တဦးဖြစ်သူ Malgorzata Wasilewska က ပြောဆိုသည် ဟု AFP သတင်းက ဖော်ပြသည်။ EU ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့နှင့် အနီးဝန်းကျင် ဒေသရှိ မဲရုံများသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။ EU သည် မြန်မာအစိုးရ ခေါင်းဆောင်များကို အရေးယူ ဒဏ်ခတ်မှုများပြုလုပ်ထားရာမှ ပြီးခဲ့ သည့် ဇန်နဝါရီ လအတွင်းက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။