၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် အိမ်ရှင် မြန်မာနိုင်ငံက အားကစား ၂၈ မျိုး ကျင်းပပေးရန်စီစဉ်နေပြီး ယမန်နှစ်က အိမ်ရှင်အင်ဒိုးနီးရှားထက် ကစားနည်း ၁၂ မျိုး လျော့နည်းနေသည်ဟု သိရသည်။ မြန်မာ့အိုလံပစ်ကော်မတီ အထွေအထွေ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လွင်က အိမ်ရှင်မြန်မာအနေဖြင့် ကျင်းပနိုင်စွမ်းလည်းရှိ၊ ယဉ်ကျေးမှုနှင့်လည်း ကိုက်ညီသော အားကစားနည်းများကိုသာ လက်ခံကျင်းပမည်ဟု ပြောကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကို ကိုးကား၍ ဘာနားမား သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ယင်းသို့ အားကစားနည်းများ လျှော့ထားသည့်အစီအစဉ်ကို ယခုလအတွင်း အင်ဒိုနီးရှား၌ ကျင်းပမည့် အစည်းအဝေး၌ တခြားနိုင်ငံများကို ရှင်းလင်းတင်ပြမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။