ဧပြီ ၁ ရက်ကျင်းပပြီးသည့် ကြားဖြတ်ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန် ၊ ကနေဒါ စသည့် နိုင်ငံ တကာက အပြု သဘော ပြောဆို လိုက်ကြသည်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးအတွက် အရေးပါသည့် ခြေ လှမ်း တရပ် ဖြစ်ကြောင်း ချီးကျူး လိုက်ပြီး မြန်မာနိုင်ငံသည် ပွင်းလင်းမြင်သာပြီး ပြုပြင်ပြောင်း လဲမှုများပိုရှိသည့် လမ်းကြောင်းကို ဆက်သွားမည်ဟု မျှော်လင့်ကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က ပြောဆို သည်။ ဗြိတိန်နိုင်ငံကလည်း မြန်မာ လူထု နှင့် ဒေါ်အောင်ဆန်း စုကြည်ကို ချီးကျူးလိုက်ပြီး ရွေးကောက်ပွဲရလဒ်သည် သမိုင်းဝင်ရလဒ်ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် ဆောင်ရွက် နေသည့် ပြုပြင်ပြောင်းလဲမှုများ အတွက်လည်း အားပေးဂုဏ်ပြုကြောင်း၊ ယင်းပြောင်းလဲမှုများ ရေရှည်တည်တံ့ရေး အတွက် အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုများနှင့် လက်တွဲဆောင်ရွက်ရန် အရေးကြီးကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိတ်က ပြောဆိုသည်။ ကနေဒါနိုင်ငံ အတိုက် အခံ ခေါင်းဆောင်တဦးဖြစ်သူ Bob Rae ကမူ ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီသို့ သွားရာလမ်းနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီး သောခြေလှမ်းတရပ်ဖြစ်ကြောင်း ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။