တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) က အနာဂတ်တွင် နိုင်ငံရေးအရ စီမံချမှတ်မှုများ လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ကလို့ထူးဘော ကရင်အစည်း အရုံး(KKO)ဟု ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မြဝတီအခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး မောင်လေး က ဧရာဝတီသို့ ပြောသည်။ KKO ကို ဥက္ကဌ အဖြစ် မန်းရောဘတ်ဇန် ၊ ဒု ဥက္ကဌ ဗိုလ်ချုပ် စောမို ရှေး၊ အထွေထွေ အတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဖက် အတွင်းရေးမှူး (၁) နော်ကော်သူးလေ လားဖော၊ တွဲဖက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့နှင့် ပါဝင်ဖွဲ့စည်းထားသည်။ KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေး ဌာန၊ ကျန်း မာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအဝင် ဌာန ၁၂ ခု ပါရှိမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။