ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်း အချုပ်ခန်းထဲက အချုပ်သားများ ယမန်နေ့ နံနက်ပိုင်းက ထွက်ပြေးရန် ကြိုးစားခဲ့သော ကြောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဟန့်တားခဲ့ရာ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ သေဆုံးသူများသည် မူးယစ်ဆေးဝါးအမှု၊ လက်နက်မှုများနှင့် ဆက်စပ်သူများဖြစ်ပြီး ဒဏ်ရာရသူများကို မိုးညှင်း ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ နေကြောင်း ဒေသခံတဦး ကပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။