ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါတီ အနိုင်ရသည့်အတွက် ဂျပန်နိုင်ငံက မြန်မာကို ငွေကြေး ပြန်လည် အကူ အညီ ပေးရေးနှင့် ပတ်သက်ပြီး ယခုလအတွင်း ကြေညာရန်ရှိကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်၏ ယခုလ နောက်ဆုံးပတ် တိုကျိုမြို့သို့ လာရောက်မည့် ခရီးစဉ်အတွင်း ဖြစ်သည်ဟု Kyodo သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးသို့ ဦးတည် ရွေးလျားနေသည်ဟု မျှော်လင့်ရကြောင်းလည်း ဂျပန်နိုင်ငံခြား ရေး ဝန်ကြီး Koichiro Genba က ပြောဆိုလိုက်သည်။ ထို့အပြင် ယခုပြောင်းလဲတိုးတက်မှုများကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးသည့် နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။