ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များအပေါ်၌ အမှတ်ခြစ်မရစေရန် ဖယောင်းသုတ်သည်ဟူသော စွပ်စွဲချက်များ အပါအဝင် မဲမသမာမှုများနှင့် ပတ်သက်ပြီး သက်သေ အခိုင်အလုံရှိပါက တိုင်တန်းနိုင်ကြောင်း၊ ပြစ်မှုကျွန်းလွန်သူ မည်သူမဆို ထောင် ဒဏ် တနှစ်အထိ အပြစ်ပေးခံရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုသည်။ နေပြည်တော်၌ တာဝန် ရှိ သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွန်ကြားရေးမှူး ဦးဝင်းကိုက ထိုသို့ ပြောဆိုခြင်း ဖြစ်ကြောင်း RFA ရေဒီအသံလွှင့်ချက်၌ ပါရှိသည်။ ရွေးကောက်ပွဲကာလတွင် မဲစာရင်း ကွာဟမှုများ၊ ဆန္ဒ မဲပြားများတွင် ဖယောင်း သုတ်မှုများ ရှိကြောင်း မဲဆန္ဒရှင်များကြား ပြောဆိုမှုများစွာ ဖြစ်ပေါ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။