ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျန်ရှိသည့် မဲဆန္ဒနယ် ၅ ခု မှ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကို ဧပြီ ၃ ရက်နေ့ ရက်စွဲဖြင့် ထပ်မံကြေညာသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးတွင် NLD မှ ဒေါ်ခင်မွှေးလွင် နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် NLD မှ ဒေါ်တင်တင်ရီတို့ အနိုင်ရရှိကြောင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးတွင် NLD မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြ၊ ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစိုင်းစံမင်း တို့ အနိုင်ရရှိကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထုတ်ပြန်သည့် ရလဒ်များအရ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာရှိရာ NLD က ၄၄ နေရာ ယှဉ်ပြိုင်ရာတွင် ၄၃ နေရာ အနိုင်ရရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။