• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

DKBA နိုင်ငံရေး လုပ်ရန် ပြင်ဆင်

by ကျော်ခ
4 April 2012
in သတင်း
A A
DKBA နိုင်ငံရေး လုပ်ရန် ပြင်ဆင်

၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြဝတီ ခရိုင်၌ ဖွဲ့စည်းသည့် DKBA နယ်ခြားစောင့်တပ် အခမ်းအနား(ဓာတ်ပုံ - ဧရာဝတီ)

1.5k
VIEWS
Share on FacebookShare on Twitter

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)က အနာဂတ်တွင် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နိုင်ရန် ရည်ရွယ်၍ ကလို့ထူးဘော ကရင်အစည်းအရုံး Klo Htoo Baw Karen Organization (KKO)ဟု ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။

၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြဝတီ ခရိုင်၌ ဖွဲ့စည်းသည့် DKBA နယ်ခြားစောင့်တပ် အခမ်းအနား(ဓာတ်ပုံ - ဧရာဝတီ)

KKO ဖွဲ့စည်းခြင်းကို ယခုလ ၁ ရက်နှင့်၂ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာ သူးမွဲခီး ဘုန်းတော်ကြီး ကျောင်းတွင် ညီလာခံခေါ်ယူ၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေး ဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး အပါအဝင် စုစုပေါင်းဌာန ၁၄ ခု ပါရှိမည်ဖြစ်ကြောင်း KKO တွဲဖက်အတွေင်းရေးမှူး ၂ စောလုံ့လုံ က ပြောသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
171
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
71
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
50

“ရည်ရွယ်ချက်ကတော့ ကလို့ထူးဘောတပ်က တပ်အနေနဲ့ပဲရှိတာ၊ နိုင်ငံရေးအဖွဲ့အစည်း တရပ်အနေနဲ့ တွဲပြီးလုပ်ဖို့လိုအပ်တာပေါ့။ အဲဒါကြောင့် တပ်ကနေပြီး ဦးဆောင်ပြီးတော့ လူထုအစည်းအဝေးခေါ်ပြီး ဆန္ဒသဘောထားမေးမြန်းပြီးတော့ ဆောင်ရွက်လိုက်တာ ပါ”ဟု စောလုံ့လုံ က ဧရာဝတီသို့ ပြောသည်။

KKO ကို ဥက္ကဌ အဖြစ် မန်းရောဘတ် ဘဇန် ၊ ဒု ဥက္ကဌ ဗိုလ်မှူးချုပ် စောမိုရှေး၊ အထွေထွေ အတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဖက် အတွင်းရေးမှူး (၁) နော်ကော်သူးလေ လားဖော၊ တွဲဖက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ အပါအဝင် ဌာနဆိုင်ရာ တာဝန်ခံ ၁၄ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းထားသည်။

KKO က နိုင်ငံရေးအရ စေ့စပ်ညှိနိုင်းလုပ်ဆောင်မှုများကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး DKBA ကို စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး က ဦးဆောင်ကာ လက်နက်ကိုင်အဖွဲ့အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

နိုင်ငံရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားသော KKO က ၂၀၁၅ တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံနိုင်ဖွယ် ရှိကြောင်းနှင့် ကြားကာလတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) သို့မဟုတ် မတူကွဲပြားသော ကရင်အဖွဲ့အစည်းများနှင့် ပြန်လည်ပေါင်း စည်း နိုင်ရန် အခြေအနေများလည်း ရှိကြောင်း စောလုံ့လုံ က ပြောသည်။

“DKBA ကတော့ ရှိနေဦးမှာပဲ။ ကျနော်တို့ KKO ကတော့ ကြားကာလထဲမှာ အခြေအနေတွေက ကောင်းလာမယ်ဆိုရင် ကျနော်တို့အနေနဲ့ ပါတီဝင်ကောင်း ဝင်နိုင်ပါတယ်”ဟု သူက ပြောသည်။

DKBA သည် ယခင်နှစ် နိုဝင်္ဘာ လဆန်းပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် နှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘော တူ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

KKO သည် KNU အား မိခင်အဖွဲ့အစည်းအဖြစ်ခံယူပြီး ဝန်းရံသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် အကောင်ထည်ဖော် လုပ်ကိုင်သွားမည်ဟု KKO ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

KKO ဖွဲ့စည်းရန်ပြုလုပ်သော ညီလာခံကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်၊ KNU မှ ဗိုလ်မှူး နဒါးမြ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဆရာတော်များ အပါအဝင် ဒေသခံ ၅၀၀ ကျော် တက်ရောက် ကြောင်း သိရသည်။

ထို့အတူ ထိုင်း-မြန်မာအခြေစိုက် အဖွဲ့များဖြစ်သော မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FTUB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) (NLD-LA)၊ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC)၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) တို့မှ တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ကြ သည်။

KNU နှင့် DKBA တို့သည် ခွဲထွက်ပြီး ၁၇ နှစ်အကြာ ယခုနှစ် မတ်လ လဆန်းပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် နှစ်ဖွဲ့ ခေါင်းဆောင် များ အကြား သမိုင်းဝင်တွေ့ဆုံခဲ့ကြပြီး အတိတ်ကာလအငြိုးအတေးများကို ချေဖျက်ကာ အနာဂတ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် နယ် မြေ ဖွံ့ဖြိုးရေးတို့တွင် ညှိနှိုင်း လုပ်ဆောင်သွားကြရန်သဘောတူ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

DKBA သည် ၁၉၉၅ တွင် မိခင်အဖွဲ့အစည်းဖြစ်သော KNU မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့်ပူးပေါင်းကာ KNU ကိုပြန်လည်တိုက်ခိုက် ခဲ့ သည်။ KNU မှ ခွဲထွက်လာသည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့လည်း ဖြစ်သည်။

၁၉၉၅ ခုနှစ်ထဲတွင်ပင် ယခင်စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ခဲ့သော်လည်း၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရ က နယ်ခြေားစောင့်တပ် အသွင်ပြောင်းမှုကို ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA တပ်မဟာ ၅ က လက်မခံခဲ့သဖြင့် ငြိမ်း ချမ်းရေး ပျက်ပြားကာ အစိုးရနှင့် တိုက်ပွဲ ပြန်ဖြစ်ခဲ့သည်။

DKBA နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်း အခမ်းအနားများကို ၂၀၁၀ ပြည့် သြဂုတ်လ အတွင်းက လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြဝတီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသ များတွင် ယခင်စစ်အစိုးရကဦးဆောင် ပြုလုပ်ခဲ့သည်။

Your Thoughts …
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ခြင်္သေ၊ ဒေါင်းနဲ့ ဖယောင်းခြစ်သံ

ခြင်္သေ၊ ဒေါင်းနဲ့ ဖယောင်းခြစ်သံ

မြစ်ဆုံ စီမံကိန်း ပြန်စမည်ကို စိုးရိမ်နေ

မြစ်ဆုံ စီမံကိန်း ပြန်စမည်ကို စိုးရိမ်နေ

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.5k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate