ပထမတနှစ်အတွင်းမှာပင် ထိုင်းဘတ် ၁၀ ဘီလီယံဖိုးအထိ ကုန်သွယ်နိုင်ခဲ့သဖြင့် ထိုင်းနိုင်ငံ ကန်ချနဘူရီမှ စီးပွားရေးသမားများက မြန်မာနှင့် ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် နယ်ခြားဂိတ် နှစ်ခု ထပ်မံဖွင့်စေလိုကြကြောင်း သိရသည်။ ကန်ချနဘူရီ ကုန်သည်ကြီးများအသင်းက ဘုရားသုံးဆူဂိတ် ပြန်ဖွင့်ရန်နှင့် ဘန်းဖူနန်ရွန်အနီးတွင်တခု ဖွင့်စေလိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ ပြန်ဖွင့်ပေးရန် တောင်းဆိုထားသည်မှာ ကြာပြီဖြစ်သော်လည်း ထိုင်းအစိုးရဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် နှောင့်နှေးနေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။