ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပဏာမ အပစ်ခတ် ရပ်စဲရေးအတွက် စစ်တွေမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နှင့် ယနေ့ နှစ်ရက်ဆက်တိုက် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။ ALP က အပစ်အခတ် ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးများ ထားရှိရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ လုပ်ဆောင်ရေး၊ ALP ပါတီဝင်များ နိုင်ငံတဝန်းသို့ လက်နက်မဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး စသည်တို့ကို တင်ပြဆွေးနွေးလျက် ရှိကြောင်း သိရသည်။ ဆွေးနွေးပွဲကို ALP ပါတီ၏ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်တို့ တက်ရောက်ကြကြောင်း စုံစမ်းသိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။