ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်သည် ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း၏ တရက်ကြာ ခရီးစဉ်ဖြစ်သည့် သောကြာနေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံမည် ဖြစ်ပြီး ရန်ကုန်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှိကြောင်း AFP သတင်း၌ ရေးသားထားသည်။ ဒေးဗစ် ကင်မရွန်၏ ခရီးစဉ်သည် အနောက်နိုင်ငံ ထိပ် တန်း ခေါင်းဆောင်တဦးအနေနှင့် ၁၀ စုနှစ်များအတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်သည်လည်း ပြီးခဲ့သည့် အပတ်အတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။