မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်(Mr. James Henry Webb)နှင့် သမ္မတ ဦးသိန်းစိန် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးသည်။ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ခိုင်မာရေး၊ စီးပွားရေးကဏ္ဍ အပါအဝင် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ ပြည်တွင်းနိုင်ငံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရေးများကို ဆွေးနွေးကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ မစ္စတာ ဂျင်မ် ဝက်ဘ် ၏ ယခုခရီးစဉ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ပထမ အကြိမ် သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။