မနက်ဖြန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ဒုတိယအကြိမ် တွေ့ဆုံမည်ဟု သတင်းရရှိသည်။ ယင်းသို့တွေ့ဆုံရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း NLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။ NLD မှ အနိုင်ရ လွှတ်တော် အမတ်များကို လွှတ်တော် တက်ရန် တရားဝင် အကြောင်းကြားထားပြီး ၂၃ ရက်နေ့တွင် နေပြည်တော်သို့ NLD အမတ်များ သွားရောက်ကြမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။