ပဲခူးမြို့နယ် ဒု တရားသူကြီး၏ ဇနီးက မီးပူနှင့် ကပ်၍ နှိပ်စက်ခံရသော အသက် ၁၅ နှစ်အရွယ် အိမ်ဖော်မိန်းကလေး မအေးယုအောင် ပျောက်ဆုံးနေကြောင်း ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ၎င်းတို့ကိုယ်တိုင် ကာယကံရှင်မိဘများထံ လိုက်လံ စုံစမ်းပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်သည်။ မအေးယုအောင်နှင့် ပတ်သက်ပြီး အိမ်ရှင် ဒု တရားသူကြီး ဦးအောင်ဖုန်းဝင်းက မိဘထံ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အတွင်းက ပြည်တွင်း သတင်းဂျာနယ်နှင့် မြို့ခံရဲအရာရှိများကို သတင်းလွှင့်ထားသည်။ သို့သော် မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူမှာ သမီးဖြစ်ရပ်နှင့် ပတ်သက်၍ ရေဒီယိုများမှတဆင့်သာ သိရကြောင်း၊ ဦးအောင်ဖုန်းဝင်းက နှုတ်ပိတ်ရန် ငွေကျပ် ၃ သိန်းပေးကာ လက်မှတ်ထိုးခိုင်းရန် ကြိုးစားကြောင်း၊ သမီးဖြစ်သူကို ဘုရားဖူး ထည့်လိုက်သည်ဟု သိရကြောင်း လမ်းပြကြယ်အဖွဲ့က ဒေါ်ကြူကြူထံမှ စုံစမ်းသိရှိခဲ့ရသည်ဟု ဆိုသည်။ ယနေ့တွင် ဒေါ်ကြူကြူနှင့် လမ်းပြကြယ်အဖွဲ့တို့ ဖြူးမြို့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး အမှုထိန်ချန်သူ ပဲခူးမြို့ ရဲနှင့် တရားသူကြီးကို တရားစွဲရန် ပြင်ဆင်ထားကြောင်း ဦးအေးမြင့်ကပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။