မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်၍ လည်ပတ်နိုင်ရန် စတော့အိပ်ချိန်း လုံခြုံရေး စနစ်တခုကို ဂျပန် တိုကျို စတော့ အိပ်ချိန်း (TSE)၊ ဒါအိ၀ စတော့ လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ (Daiwa Institute of Research – DIR) တို့နှင့် မြန်မာနိုင်ငံဗဟိုဘဏ်တို့ ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူလိုက်ကြောင်း Reuters သတင်းတရပ်က ဆိုသည်။ မြန်မာ၊ TSE နှင့် DIR တို့သည် လာမည့် မေလလယ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြမည်ဟု သတင်းရရှိသည်။ မြန်မာ၏ ရင်းနှီးမြုပ်နှံမှုဈေးကွက်နှင့် တိုင်းပြည်တိုးတက်လာစေရေးအတွက် ပထမဆုံး ခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စတော့ဈေးကွက်စနစ် ပေါ်ထွက်လာမည့် ကနဦး အစီအစဉ်လည်းဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။