သတင်းတို

အမေရိကန် နှင့် သြစတြေးလျ ပိတ်ဆို့မှု လျှော့ချ

This article has been converted from Zawgyi One to Unicode

အမေရိကန်နှင့် သြစတြေးလျ နိုင်ငံများက မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတချို့ကို လျှော့ချပေးလိုက်သည်။ အမေရိကန်က ဘဏ္ဍာ ရေး ဆိုင်ရာ ပိတ်ဆို့မှုကို ပြန်လည် လျှော့ပေးခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင်း အကူအညီများပြုလုပ်နိုင်ရန် ရည်ရွယ်၍ အမေရိ ကန် အဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ တိုက်ရိုက်ငွေးကြေး လွှဲပြောင်းမှုကို ခွင့်ပြုလိုက်ကြောင်း ယမန်နေ့က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြန်မာ အစိုးရခေါင်းဆောင်များအား ပြည်ဝင်ခွင့် ပြန်ခွင့်ပြုခြင်း၊ အမေရိကန် အစိုးရ၏ နိုင်ငံ တကာဖွံ့ဖြိုးရေးအေဂျင်စီ ရုံးကို မြန်မာပြည်တွင် ဖွင့်လှစ်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြန်လည်ခန့်အပ်ခြင်းတို့ကိုလည်း စီစဉ်နေကြောင်း သိရသည်။ ဩစတြေးလျကလည်း ငွေကြေးဝန်ဆောင်မှုနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ထားသည့် မြန်မာ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များကို တနလာၤနေ့ကစ၍ ရုပ်သိမ်းပေးလိုက်သည်။ အလားတူ နော်ဝေး အစိုးရက လည်း ပြည်ဝင်ခွင့် ဗီဇာနှင့် စီးပွားရေး ပိတ်ပင်မှုကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

Loading