ကျမ်းကျိန်လွှာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုသော စကားလုံးအစား ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစား လိုက်နာပါမည်ဟု ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တင်ပြထားကြောင်း၊ လွှတ်တော် အစည်းအဝေး တက်ရေး မတက်ရေးကို ဧပြီ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် အနိုင်ရ NLD အမတ်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က NLD အမတ်များအနေနှင့် ဧပြီလ ၂၃ ရက်နေ့ လွှတ်တော်အစည်းအဝေးများ မတက်ပါကလည်း တရားဥပဒေနှင့် အညီဖြစ်ကြောင်း၊ အမတ်တဦးအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၆၀ အတွင်း ငွေစာရင်းရှင်းတမ်းကို အပြီးသတ် ရှင်းလင်းရန်မှာ ပထမဦးစားပေးဖြစ်ကြောင်း၊ NLD အနေဖြင့် ဇူလိုင်လတွင် ပြန်လည်ခေါ်ယူမည့် လွှတ်တော်ကို မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ကြောင်း ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။