အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် နော်ဝေနှင့် ဗြိတိန် နိုင်ငံတို့သို့ သွားရောက်မည်ဟု သိရသည်။ ခရီးစဉ်များသည် လာမည့်ဇွန်လအတွင်း ဖြစ်ဖွယ်ရှိကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုးကား၍ သတင်းများက ဖော်ပြသည်။ ဤခရီးစဉ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၏ မြန်မာပြည် ခရီးစဉ်အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။