သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ဧပြီ ၂၀ ရက်မှ စတင်၍ ၅ ရက်ကြာ ခရီး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ခရီးစဉ် အတွင်း ဂျပန် ဝန်ကြီးချုပ် Yoshihiko Noda နှင့် တွေ့ဆုံ၍ ဘဏ္ဍာရေး ဆိုင်ရာ အကူအညီပေးရေး ကိစ္စများ ဆွေးနွေးရန်ရှိသည် ဟု Kyodo သတင်း၌ ရေးထားသည်။ ယင်းခရီးစဉ်သည် မဟာမဲခေါင် ဒေသ နိုင်ငံများဖြစ်သော ကမ္ဘောဒီယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း ၊ ဗီယက်နမ် နိုင်ငံများနှင့် ဂျပန်နိုင်ငံ အပါအဝင် အာရှ ၆ နိုင်ငံ အစည်းအဝေးတက်ရန် သွားရောက်ခြင်း ဖြစ်သည်။ ဦးသိန်းစိန် ၏ ယခု ခရီးစဉ်သည် ၂၈ နှစ်အတွင်း မြန်မာ ထိပ်တန်းခေါင်းဆောင် တဦးနေနှင့် ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။