အမေရိကန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပ ခရီးသွားမည့် အစီအစဉ်ကို ကြိုဆိုလိုက်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမည့် မေလတွင် အလည်အပတ်ခရီး လာရောက်ရန် ဖိတ်ကြားလိုက်သည်။ ယင်းခရီးစဉ်သည် အမေရိကန် က မြန်မာနိုင်ငံ အပြောင်းအလဲများနှင့် ပတ်သက်ပြီး ကူညီအားပေးမှုများ ပြုလုပ်ရန် ဖြစ်နိုင်ကြောင်း၊ ဦးဝဏ္ဏမောင်လွင်သည် ယမန်နှစ်ကလည်း နယူးယောက်မြို့တွင်ကျင်းပသော ကုလသမဂ္ဂ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဝါရှင်တန်၌ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးကြောင်း AFP သတင်းဌာန က ရေးသားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။