နော်ဝေနိုင်ငံ သံရုံးကို မြန်မာနိုင်ငံ၌ လာရောက် ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။ အော်စလိုမြို့သို့ မကြာသေးခင်က ရောက်ရှိခဲ့သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် မီးရထား ဝန်ကြီး ဦးအောင်မင်းက DVB အယ်ဒီတာ ချုပ် ဦးအေးချမ်းနိုင်၏ တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။ ဦးအောင်မင်း၏ နော်ဝေ ခရီးစဉ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြုလုပ်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စလည်း အဓိက ပါဝင်ကြောင်း သိရသည်။ နော်ဝေ နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ်မှုတချို့ကို မကြာသေးခင်က လျှော့ချပေးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။