ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်၌ ယနေ့ နံနက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများက အစိုးရဝန်ထမ်းတဦး သေဆုံးသွားသည်ဟု ဆိုသည်။ မူဆယ်မြို့နယ် ရဲစခန်းမှ တာဝန် ရှိသူတဦး၏ အဆိုအရ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးသော်လည်း ဒဏ်ရ ရရှိသူ တဦးကို ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။