သတင်းတို

NLD အမတ်များ လွှတ်တော်တက်ရန် မသေချာသေး

This article has been converted from Zawgyi One to Unicode

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တောင်းဆိုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုသော ကျမ်းကျိန် စကားလုံးအစား လေးစားလိုက်နာပါမည်ဆိုသော စကားလုံးပြောင်းလဲပေးရန် မဖြစ်နိုင်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြောဆိုလိုက်ကြောင်း၊ ထို့ကြောင့် ယင်းကိစ္စ ပြေလည်အောင် ဖြေရှင်းမည်ဖြစ်၍ လာမည့် ၂၃ ရက်နေ့တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးသို့ NLD လွှတ်တော်အမတ်များ မတက်ရောက်ရန် ရာခိုင်နှုန်းများနေကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မီဒီယာများသို့ ယနေ့တွင် ပြောဆိုလိုက်သည်။

Loading