သတင်းတို

EU ပိတ်ဆို့မှု တနှစ် ဆိုင်းငံ့မည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပ သမဂ္ဂ(EU)က ပိတ်ဆို့ အရေးယူမှုကို တနှစ် ဆိုင်းငံ့မည်ဖြစ်ကြောင်း သိရသည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ်လက်နက် ပစ္စည်း ရောင်းဝယ်ခွင့်မှ လွဲ၍ ကျန်ပိတ်ဆို့မှုများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း AP သတင်းတွင် ရေးထားသည်။ ယင်း အစီအစဉ်ကို လူဇင်ဘတ်နိုင်ငံ၌ တနင်္လာနေ့တွင် ကျင်းပမည့် EU နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်သည်ဟုလည်း ဆိုသည်။

Loading